• တွေးမိတွေးရာ...

    "မေမေ..
    သမီးလှလား..."

    "လှတာပေါ့သမီးရဲ့...
    မေမေသမီးလေးက အရမ်းလှ..."

    "ဘယ်လောက်လှလဲ မေမေ...
    သူများတွေငေးမောနေလောက်အောင်လှတာလားမေမေ...
    အထူးသဖြင့်ကောင်ကလေးတွေငေးမောနေအောင်လှလား.."

    ရုတ်တရက် သမီးရဲ့မေးခွန်းကြောင့်ကျမရယ်ချင်သွားသည်..
    ၅နှစ်သမီးလေးရှိသေးတယ် လှချင်နေပြီး ဆိုပြီးတွေးလိုက်မိသည်..

    "လှတာပေါ့သမီးရဲ့ မေမေတောင်ငေးယူရတယ်.."

    "မေမေဒါဆို ဓာတ်ပုံရိုက်ပေးပါလား 
    သမီးပေးစရာလူရှိလို့..."

    အမယ်ကြည့်စမ်း ပေးစရာလူတောင်ရှိနေပြီး..
    သမီးလေးစိတ်ချမ်းသာအောင်ရိုက်ပေးလိုက်သည်...

    "သမီးကဘယ်သူကိုပေးမှာလဲသမီးရဲ့ 
    မေမေအမှန်တိုင်းပြောနော် ဟွန့်"

    "ဖေဖေကိုပေးချင်တာမေမေ
    ဒါမှဖေဖေသမီးဆီပြန်လာမှာလေ..."

    ရုတ်တရက်သမီးအဖြေကြောင့် 
    ကျမနည်းနည်းကြောင်သွားသည်

    "ဘာလို့လဲသမီးရဲ့..."

    " ဟုတ်တယ်လေ သမီးသူငယ်ချင်းဖေဖေဆိုရင်လေ
    အဝေးသွားတာပဲလေ ဒါပေမဲ့သူဖေဖေကပြန်လာတယ် မေမေရဲ့
    ပြန်လာရင်လဲ သေနပ်ကြီးကို ပစ်ချပြီး
    သမီးသူငယ်ချင်းကိုပြေးချီပြီ အနမ်းတွေအများကြီးပေးတယ်
    ပြီးတော့အရမ်းပျော်နေကြတာပဲ မေမေရယ်
    သမီးလဲအဲလိုလေးဖြစ်ချင်တယ်
    သမီးဖေဖေလဲ အဝေးသွားတာပဲ သူဖေဖေလိုပဲ သေနပ်ကြီးပါတယ်လေ
    အင်္ကျီလဲ သူဖေဖေနဲ့တူတူပဲလေ
    ဒါပေမဲ့ သမီးဖေဖေက ဘာလို့အခုထိပြန်မလာသေးရတာလဲ..
    သူ့ကိုမေးကြည့်တယ်မေမေ နင့်ဖေဖေကဘာလို့ပြန်လာတာလဲလို့
    သူကပြောတယ် သူဖေဖေက သူကိုစိတ်မချလို့တဲ့
    ဘာလို့စိတ်မချလဲဆိုတော့ သူမှာ ငေးမောနေလောက်အောင် လှလို့တဲ့
    သမီးဖေဖေလဲ သမီးမှာ ငေးမောလောက်တဲ့အလှရှိရင်
    စိတ်မချဖြစ်ပြီး မြန်မြန်ပြန်လာမယ်ထင်လို့လေ...
    မေမေသမီးကိုရိုက်ပေးပြီးပို့ပေးနော် "


    သမီးလေးအပြောမှာ ကျမငိုချင်သွားသည်
    သမီးလေးကို ပြန်မလာတော့ဘူးပြောလိုက်ရင်
    စိတ်ထိခိုက်သွားမှာ...
    ပြန်လာမှာပေါ့ပြောပြန်ရင်လဲ သမီးလေးကို ထပ်ပြီးမျှော်လင့်ချက်တွေမပေးချင်တော့ပါ
    သမီးလေး တနေ့နားလည်နိုင်မလား
    သူ့ဖေဖေအိမ်အပြန်စောင့်နေတတ်တဲ့သမီးလေး
    သူများအဖေတွေလိုပြန်လာတိုင်း
    တံခါးပေါက်ဝလေးရပ်ပြီးစောင့်နေတတ်တာ..
    ဟိုးအဝေးမှာ မောင်မြင်ရင်ရော မောင်ငိုနေမလား..
    သမီးလေးမွေးကတည်းက သမီးလေး ဆိုပြီး ချော့ပြောမဲ့ သူ့အဖေမရှိခဲ့သလို..
    သမီးလေးရှိနေပြီးဆိုတဲ့အသိလေးနဲ့ပဲ ကမ္ဘာခြားထွက်သွားရတဲ့ မောင်တို့အဖြစ်လေးက
    တွေးလိုက်တိုင်းရင်နာမိတယ်..
    သမီးလေးမြန်မြန်ကြီးပါစေတော့လို့ဆုတောင်းနေမိတယ်..
    တနေ့တနေ့ သူ့အဖေပြန်လာတာစောင့်နေရှာတဲ့သမီးလေး...
    သူများအဖေတွေလိုပြန်မလာတဲ့အခါ
    မေမေ ဖေဖေကိုအရမ်းမုန်းတယ်လို့ ကြေကွဲစွာပြောတတ်သမီးလေးအဖြစ်ကို ကျမသနားမိတယ်
    ညအိပ်တိုင်း သူ့ဖေဖေပုံလေး ဖတ်အိပ်နေတတ်တဲ့ သမီးလေးကိုလဲ ကျမမကြည့်ရက်ပါ..
    တခါတရံ "သမီးကို ဖေဖေကိုလွမ်းနေတာလား" မေးတိုင်း
    "လွမ်းတော့လွမ်းတာပေါ့ မေမေရယ်
    ဖေဖေက တိုင်းပြည်အတွက်အဝေးသွားတာပဲ
    သမီးနားလည်တာပေါ"့ ပြောတိုင်း ဝမ်းနည်းမိတာပေါ့..
    မောင်သိရင်ရော ဝမ်းနည်းမိမှာ အမှန်ပါ..
    မောင်ရေ သမီးအိပ်မက်ထဲကိုတော့ အမြဲသွားပါ မောင်..
    သမီးလေးကပြောတယ်..
    "တကယ်ပြန်မလာနိုင်သေးရင်တောင်
    အိပ်မက်ထဲတော့ပြန်လာသင့်ပါတယ်" ဆိုလို့ပါမောင်..