အချစ်က လိုက်ရင်ပြေးတယ်
ပြေးရင်လိုက်တယ်
ဒါကြောင့်မို့ ငါရပ်နေခဲ့တာပါ
မင်းပြေးထွက်သွားတဲ့ အရပ်ဒေသဆီ
ငါပြေးလိုက်ဖို့ ခြေလှမ်းတွေ လေးလံနေခဲ့ပြီ
ငါလိုက်ခဲ့ရင်ရော အရင်လို မာယာတွေနဲ့
လှည့်စားအုံးမှာလား
ငါအရင်လို အရူးမဟုတ်တော့ဘူး
အနာမကျက်သေးတဲ့ ဒဏ်ရာတွေ
ထပ်ပြန်တလဲလဲ မရချင်တော့ဘူး
ထားမသွားဖို့
အရင်လို မတောင်းပန်ချင်တော့ဘူး
နောက်ထပ် ထောက်ထားဖူးတဲ့
ငါ့ဒူးတွေ အပွန်းပဲ့မခံချင်တော့ဘူး
မျက်ရည်တွေကို ငါပါးပြင်က မုန်းတီနေတတ်ပြီ
နင်လိုအပ်မှ သတိရတဲ့ လက်ပတ်နာရီလေးလဲ
မဖြစ်ချင်တော့ဘူး
နင်ပျင်းမှ ဆော့ကစားတဲ့ အရုပ်တရုပ်မဖြစ်ချင်တော့ဘူး
ငါက နှလုံးသားနဲ့ သက်ရှိတဲ့ လူပါ ချစ်သူ
နင်လိုရင် သုံးမယ်
မလိုရင် ချောင်ထိုးထားလို့ရတဲ့
ငါ့နှလုံးသား ငါ့အချစ်တွေက
သက်မဲ့မှမဟုတ်တာ...