ခဏတွေ့ဆုံတဲ့အခါ အိပ်ရေးမဝလို့ ငြီးနေသေးလား
ညစဉ်ညတိုင်း ပို့သတတ်တဲ့ မေတ္တာကြောင့်
ကိုကိုရဲ့အိမ်မက်တွေ ချိုမြိန်ပါစေ
ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ဘဝမှာ ညီမလေးရဲ့ ချစ်ခြင်းတွေကို
နှင်းတွေနဲ့ အတူသတင်းပါးလိုက်တယ် ကိုကို
အထီးကျန်တာလေးနဲ့ ရင်းနှီးတဲ့ သူမို့
သတင်းပါးဖို့ လာလည်တဲ့ နှင်းလေးတွေ
တိတ်ဆိတ်နေပါစေ
ဆောင်းအိမ်မက်ကို မုန်းတဲ့သူဆိုတာသိပေမဲ့
လက်မခံချင်တော့တဲ့ကိုကို့အိမ်မက်တွေထဲ ညီမလေး ပါဝင်ချင်ပါသေးတယ်
ညီမလေးရဲ့ မေတ္တာတရားက နေရောင်ခြည်လောက်
တောင်နွေးထွေးမှုမပေးနိုင်ခဲ့ရင်တောင်
အေးစက်သွားတဲ့ ကိုကိုရင်ထဲခဏတာလေးတော့ နွေးထွေးပါစေ
ကိုကိုချစ်ရသူနဲ့အဆင်ပြေပါစေ ဆိုတဲ့ ဆုလေးကို
ရင်ထဲက စစ်မှန်တဲ့ သစ္စာတရားနဲ့ တိုင်တည်ပါတယ်
ညစဉ်ညတိုင်း
ကိုကို နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါစေ