• နှလုံးသားတစုံ၏ ရှုရှိုက်သံ - ၁


    ကျနော်နေတတ်အောင် ကြိုးစားရအုံးမယ်
    အခြေအနေကို လက်ခံနိုင်အောင် ကြိုးစားရအုံးမယ်
    ဂရုစိုက်မှု နားလည်မှု သစ္စာတရားများကိုပဲ လိုချင်တတ်တဲ့ ကျနော် အတ္တများကိုပျောက်ပအောင် ကြိုးစားရအုံးမယ်
    ပြောင်းလဲတတ်တဲ့ စိတ်ဓာတ်တွေကို ရင်ဆိုင်နိုင်အောင် ကြိုးစားရအုံးမယ်
    တခုခုဆို စိတ်မကောင်းဖြစ်တတ်တဲ့စိတ် ငိုတတ်တဲ့စိတ် ဒီလို ပျော့ညံ့လွန်းတဲ့စိတ်တွေ မာထန်လာအောင်ကြိုးစားရအုံးမယ်
    ကျနော်အများကြီးကြိုးစားရအုံးမယ် ကံကြမ္မာရက်စက်ပြောင်းလဲတတ်တဲ့အချိန်တွေ ရင်ဆိုင်နိုင်ဖို့အတွက်
    ဒီလိုတွေနေတတ်ဖို့အတွက် ဘယ်လောက်ကြာကြာကြိုးစားရမလဲ
    ဘယ်လောက်အချိန်ကြာကြာ ကြိုးစားရမလဲ
    ဘယ်လောက်ခံစားရပြီးမှ နေတတ်သွားမလဲ
    ဘယ်နှစ်ရက်လောက်ငိုကြွေးပြီးမှ အောင်မြင်မလဲ
    ကျနော်ကြိုးစားနေခိုက်....
    မနေတတ်သေးတဲ့အခိုက်...
    ကံတရားကြီးက ရက်စက်သွားခဲ့ရင် ကျနော်ဘယ်လို နေခဲ့ရမလဲ...
    ရက်စက်သွားမဲ့ကျနော့်ချစ်သု့အတွက်ရော ကျနော်ဘယ်လို အပြုံးနဲ့ နှုတ်ဆက်ရမလဲ....?


    -ဒုတိယလူ-