• i miss you..


    ငါပျော်ရွှင်စရာတွေတွေ့တဲ့အခါ နင့်ကိုလွမ်းတယ်..
    ငါ့ရဲ့ပျော်ရွှင်မှုတွေကို နင်နဲ့အတူ မျှဝေခံစားချင်လို့လေ...

    ငါစိတ်ညစ်စရာတွေကြုံလာတဲ့အခါ နင့်ကိုလွမ်းတယ်..
    ငါစိတ်ကိုနားလည်နိုင်တာ နင်တယောက်ပဲရှိလို့လေ...

    ငါမျက်ရည်ကျတဲ့အခါပဲဖြစ်ဖြစ်...
    ငါရယ်နေတဲ့အခါပဲဖြစ်ဖြစ်...
    နင်ကိုလွမ်းတယ်...
    နင်တယောက်ပဲ ငါကို ပိုပျော်ရွှင်အောင်လုပ်နိုင်သလို...
    ကျနေတဲ့မျက်ရည်တွေ ရပ်တန့်သွားအောင် နင်ပဲလုပ်နိုင်လို့လေ...

    နင်ကိုအချိန်လွမ်းနေမိတယ်....
    ညရောက်လို့ကောင်းကင်းကြီးမော့ကြည့်တဲ့အခါ
    နင်ကိုပိုလွမ်းတယ်....
    တချိန်မှာ နင်နဲ့အတူ ကြယ်တွေကို ထိုင်ရေချင်မိတဲ့...
    စိတ်ကူးယဉ်ဆန်တဲ့ အတွေးကြောင့်လေ.....

    အခုတော့ ဒီအလွမ်းတွေက နာကျင်စရာတွေဖြစ်ခဲ့ပြီးလေ..
    မဖြစ်နိုင်တဲ့ ဇာတ်လမ်းတခုကို စခဲ့မိသလို...
    ဇာတ်သိမ်းမှာ နင်ကိုမပိုင်ဆိုင်နိုင်ခွင့်ရသလို...
    နင်အမြင်မှာ ငါက နင့်ကို ဇာတ်နာအောင်လုပ်ခဲ့သလို...
    တကယ်တော့မဟုတ်ပါဘူး...
    နင်နဲ့တနေ့များ ငါပေါင်းစည်နိုင်မလားဆိုတဲ့အတွေးနဲ့
    နင်ကို သံယောဇဉ်ကြိုးလေး ရစ်နှောင်ခဲ့မိတာ....
    အမြင်လွဲတွေနဲ့ နင်ထွက်သွားခဲ့တာ...
    နင်ကငါ့အတွက် အရမ်းချစ်တတ်တဲ့ မင်းသားလဲဖြစ်သလို...
    အသည်းမာတဲ့ ဗီလိန်လဲဖြစ်တယ်....
    ငါတို့နှစ်ယောက်ကို ခွဲပစ်ခဲ့တဲ့...
    ကံကြမ္မာ director ကိုသာ အပြစ်တင်လိုက်တော့မယ်