• Untitle..

    နင်ပြောတော့
    ငါကိုချစ်တယ်တဲ့လား...
    နင်ပြောတော့..
    ငါကိုဂရုစိုက်တယ်တဲ့လား..
    နင်ပြောတော့..
    ငါကိုယုံကြည်စေချင်တယ်တဲ့လား..

    ငါကိုချစ်တယ်ဆိုလို့...
    နင်ရင်ထဲခဏဝင်ကြည့်အချိန်ဘာလို့များ
    ငါမရှိနေလဲ...
    နင်ရင်ထဲနေရာယူထားသူတွေက များနေတယ်..
    ငါအတွက်နေရာတောင်မရှိခဲ့လား..
    ဒါနဲ့များ နင်ဘာလို့ငါကိုချစ်တယ်လို့ပြောလဲ..
    နင်ရင်ထဲမှာမရှိတဲ့စကား ငါကိုမပြောပါနဲ့..
    ယုံကြည်ပေးမိတဲ့ ငါအတွက် အရူးတယောက်လိုဖြစ်နေလို့ပါ...

    ငါ့ကိုဂရုစိုက်တယ်ဆိုလို့...
    နောက်ပြန်ကြည့်လိုက်တဲ့အချိန်..
    နင်ဘာလို့များမရှိတာလဲ...
    နင်ဂရုစိုက်ငါကိုမှမဟုတ်တာ...
    နင်ဂရုစိုက်သူတွေများလွန်းလို့များ..
    ဂရုစိုက်မှုတွေ ငါ့အတွက်နည်းသွားတာလား..
    ဒါနဲ့များ နင်ဘာလို့ဂရုစိုက်တယ်ပြောလဲ...
    နင်ရင်ထဲ ဂရုစိုက်ချင်စိတ်မရှိပဲ
    ငါကိုမပြောပါနဲ့...
    လူတယောက်ရဲ့ဂရုစိုက်မှုကို မက်မောတဲ့ 
    ငါ့အတွက် ဝမ်းနည်းရလို့ပါ...

    ငါကိုယုံကြည်စေချင်တယ်ဆိုလို့..
    ငါပေးလိုက်တဲ့ ယုံကြည်မှုတွေကို
    နင်မို့အလွဲသုံးစားလုပ်ရက်တယ်...
    နင်လိမ်ညာတာငါသိလဲ
    မဟုတ်လောက်ပါဘူးဆိုတဲ့အတွေးတွေနဲ့ပဲ
    ငါယုံကြည်ပေးခဲ့မိတာ..
    နင်လိမ်တတ်ဆိုရင် ငါကိုယုံကြည်မခိုင်းပါနဲ့
    ယုံလွယ်တတ်တဲ့ငါ လူလိမ်တွေကို မုန်းလို့ပါ...
     
    -ဒုတိယလူ-