• နောင်တ..

    သိပ်ကြီးမလွမ်းပါဘူးကွာ
    ၂၄နာရီအတွင်းလေးပဲ နင်နာမည်လေး ခေါ်နေမိတာ
    အားနည်းချက်ကနေ မာနဖြစ်လာခဲ့တဲ့အခါ
    ငါ့ဘဝထဲကို နင်ကိုမခေါ်ရဲလို့
    ငါထွက်သွားခဲ့တာ

    နင်အချစ်ကိုမယုံကြည်ဘူးမလား
    ယုံကြည်မှုမရှိတဲ့အချစ်တခုနဲ့
    အားနည်းချက်တွေရှိတဲ့ ငါ့ဘဝကို
    နားလည်ပေးဖို့ဆို အဝေးကြီးမှာပါ

    လွယ်လွယ်နဲ့ငါအရှုံးပေးတာမဟုတ်ဘူး
    မဖြစ်နိုင်တော့ဘူးဆိုတာသိလို့
    ငါနောက်ဆုတ်ခဲ့တာ
    နှုတ်မဆက်ပဲထွက်သွားခဲ့လို့
    ငါကိုစိတ်နာလိုက်ပါအုံး

    ငါဘက်ကလဲ နင်ကိုဆုံးရှုံးခဲ့ရတာ
    အကြီးမှားဆုံးနောင်တပါ
    ထွက်သွားသူနဲ့ကျန်ရစ်သူ
    ဘယ်သူမှမမှားပါဘူး
    ထွက်သွားသူငါကတော့
    ခံစားရတဲ့အဖြစ်တွေအများကြီးနဲ့ပါ