• ကိုကို သိဖို့..


    မေ့လိုက်တော့တဲ့
    မေ့ဆေးသုံးပေးတောင် နှလုံးသားက သတိရနေအုန်းမှာပါ ကိုကို

    သူ့ဘဝထဲဝင်မလာနဲ့တဲ့
    မဝင်ခဲ့ပါဘူး အဝေးကနေသာ အဆင်ပြေပါ့မလားလို့ စိတ်ပူပေးတာပဲရှိတာပါ ကိုကို

    အချစ်မှာအကြောင်းပြချက်မလိုဘူးပဲ သိထားခဲ့တာ
    လမ်းခွဲခြင်းမှာလဲ မလိုဘူးဆိုတာကို မေ့ထားခဲ့တယ်
    အချစ်မှာ အသွားအပြန်မရှိဘူးတဲ့
    ငါ့ကို ချစ်ပါတယ်လို့ ကိုယ်ဘာသာ ညာနေခဲ့လို့
    အသဲကွဲခြင်းနဲ့ ကြုံခဲ့ရတာပါ

    လမ်းခွဲခြင်းမှာ ကိုကိုထွက်သွားခဲ့တဲ့
    လမ်းနောက်ကို လိုက်ခဲ့ပါရစေ
    ကိုကို့ရဲ့နောက်ကျောပြင်လေး ငေးနေခွင့်ရလဲ
    ကိုကိုမပါတော့တဲ့ မနက်ဖြန်တိုင်းကို ဆက်လက်ရှင်သန်ဖို့
    အင်အားတခုပါပဲ

    အချစ်ဆိုတာ ပြေးရင်လိုက်တယ်
    လိုက်ရင်ပြေးတယ်
    ကိုကိုသာ ပြန်လိုက်ခဲ့မယ်ဆို
    ညီမလေးမပြေးပါဘူး
    ရက်စက်ခြငိးရဲ မောနွမ်းဒဏ်ကို ကိုကို့နှလုံးသားငယ်
    မခံနိုင်မှာစိုးတယ်
    အဲဒါ ညီမလေးရဲ့အချစ်ပေါ့

    ကြားဖူးတယ်
    ပန်းကို ခြွေသွားတဲ့ လက်မှာတောင် မွှေးရနံ့ကျန်ခဲ့တာ
    ခွင့်လွှတ်ခြင်းတဲ့
    နောက်တခုက 
    ဝဋ်ဆိုတာ ပြန်ဆပ်ရတယ်တဲ့

    ညီမလေး ကိုကိုကြောင့်ဆိုပြီး
    ခေါင်းစဉ်တပ်မငိုပါဘူး
    ကိုကို ငိုကြွေးနေရမှာစိုးလို့ပါ..
    ညီမလေး မခံစားခဲ့ရပါဘူး 
    ကိုကိုလဲ မရက်စက်ခဲ့ပါဘူး

    ဒါကြောင့်..

    ကိုကို့ချစ်သူနဲ့ ကိုကို့အချစ် ထပ်တူကျပါစေ
    လိုက်လို့ပြေး ပြေးလို့လိုက်တဲ့
    အချစ်မျိုးနဲ့ မကြုံပါစေနဲ့
    ဟန်ဆောင်ချစ်မျိုးနဲ့ မတွေ့ပါစေနဲ့
    အကြောင်းပြချက်မဲ့ လမ်းခွဲခြင်းဆိုတဲ့ အတွေးမျိုး
    ကိုကို့ချစ်သူ အတွေးထဲမရောက်ပါစေနဲ့......