• ဦးနှောက်နဲ့နှလုံး




    ငါဘဝထဲကို နင်ဝင်လာဖို့ ဖိတ်မခေါ်ခဲ့ပါဘူး
    နင်ကိုယ်တိုင် ဝင်ရောက်ခဲ့တာနော်
    ငါဦးနှောက်က သိပ်လက်မခံချင်ခဲ့ပါဘူး
    ငါ့နှလုံးသားက နင်တယောက်ကိုမှ
    ထူးထူးခြားခြား ချစ်ခဲ့တယ်
    Follow your heart & don't forget to take along your brain တဲ့
    နင်ကိုချစ်တဲ့နေရာမှာ ငါ့ဦးနှောက်ကိုပါ ဆုံးဖြတ်ခိုင်းခဲ့မယ်ဆိုရင်
    ငါ့နှလုံးသားလေး ပိုပင်းပန်းလိမ့်မယ်
    ငါ့နှလုံးသားလေးက နင်နဲ့ဝေးချင်ခဲ့မှာမဟုတ်ဘူးလေ
    ဒါကြောင့်ငါ့ဦးနှောက်ကို ငါထားပစ်ခဲ့တယ်နော်...

    ငါနှလုံးသားက နင့်ကိုချစ်ခဲ့ပြီးနောက်
    ငါ့ဦးနှောက်က ငါကိုသိပ်အလိုလိုက်ရှာခဲ့ပါတယ်
    နင်ကိုသစ္စာရှိဖို့ နင့်ကိုနားလည်ပေးဖို့
    နင့်ကိုမလိမ်ညာဖို့ နင့်ကိုသည်းခံဖို့
    နင့်ကိုယုံကြည်ဖို့ နင်ကိုဂရုစိုက်တန်ဖိုးထားဖို့
    အမြဲတမ်းမှာကြားခဲ့တယ်နော်
    ငါနှလုံးသားကလဲ နင့်နာမည်လေးရေရွတ်မိရင်တောင်
    သူပျော်လွန်းလို့ ခုန်နေမိတယ်

    နင်ကိုချစ်ခဲ့ပြီး အချိန်အနည်းငယ်ကြာလာတဲ့အခါ
    နင်ဘက်က ဇာတိတချို့တဝက်ပြလာခဲ့တယ်
    နင်ငါကိုလိမ်ခဲ့တယ် နင်ငါကိုသစ္စာမဲ့ခဲ့တယ်
    နင်ငါကို ရက်စက်ခဲ့တယ် နင်ငါကိုဥပေက္ခာပြုခဲ့တယ်
    ငါ့ဦးနှောက်က နင်ကိုထားပစ်ခဲ့ဖို့ သတိပေးတယ်
    ငါ့နှလုံးသားက နင်ကိုမထားခဲ့ဖို့ တောင်းပန်တယ်
    ဦးနှောက်နဲ့နှလုံးသားကြားမှာ ငါတယောက်ယောက်ယက်ခဲ့နေတဲ့အခါ
    ငါ့မျက်ရည်တွေက ငါ့ကိုအဖော်ပြုတယ်
    နောက်ထပ် ငါ့နှလုံးသားကိုပဲ အလိုလိုက်ခဲ့ပြန်တယ်
    ဒါက နင့်အပြစ်ပဲလေ..

    နောက်ထပ် နှလုံးသားအမိန့်အရ
    နင်ကိုထပ်ချစ်ခဲ့တယ်
    ငါ့နှလုံးသားလေ ပျော်နေပြန်တယ် 
    ငါ့ဦးနှောက်က သိပ်အလိုမလိုက်တော့ဘူး
    နင်အပေါ် မမျှော်လင့်ဖို့ သူပြောလာပြီး
    နင်အပေါ်သစ္စာရှိခိုင်းပေမဲ့ နင်ဆီက သစ္စာတရားကို
    မမျှော်လင့်ဖို့ သူပြောလာပြီး
    နင့်အပေါ် ဂရုစိုက်တန်ဖိုးထားခိုင်းပေမဲ့ နင်ဆီကဥပေက္ခာပဲ
    မျှော်လင့်ဖို့ သူပြောလာပြီး
    နင်ရဲ့ယုံကြည်မှုကို တန်ဖိုးထားခိုင်းပေးမဲ့ နင်ကိုမယုံကြည်ဖို့
    သူပြောလာပြီး
    ငါ့နှလုံးသားလေးကတော့ နင်တယောက်တည်းပဲ
    သူဖြစ်နေတုန်းလေ
    ငါ့ရဲ့ရင်ဖွင့်စရာလေးက ငါ့မျက်ရည်တွေပဲပေါ့

    နောက်ထပ်နင်လိမ်ပြန်တယ်နော် နောက်ထပ်နင်သစ္စာဖောက်ပြန်တယ်
    ငါ့နှလုံးသားလေ ငိုနေပြီး
    ငါ့ဦးနှောက်ကလဲ အသိဥာဏ်မရှိတော့ဘူး
    ငါ့နှလုံးသားလေး ခံစားနေပြန်တယ်
    ဒါပေမဲ့ သူငါကို နင်ကိုထားမပစ်ပြန်ဖို့တောင်းပန်ပြန်တယ်
    ငါ့ဦးနှောက်လေးက ငါကိုစိတ်ပျက်သွားပြီး
    ဒီတခါ ငါ့နှလုံးသားကပြောတယ်
    နင်ကိုသစ္စာရှိပေးပါ တန်ဖိုးထားပါ
    ဒါပေမဲ့ သူနင်ကိုမယုံကြည်ရဲတော့ဘူးတဲ့
    ဒီတခါ သူ့အပြစ်ပါတဲ့

    နောက်ထပ်ငါ့နှလုံးသားလေးဆက်ချစ်တယ်
    ယုံကြည်မှုအပြည်နဲ့မဟုတ်တော့ဘူး
    သူနောက်ထပ်ခံစားရအုံးမှာပါပဲလေဆိုတဲ့ 
    အတွေးနဲ့သာ သူဆက်ချစ်တယ်
    ငါ့ဦးနှောက်ကလဲ မနေနိုင်ဘူးထင်ပါတယ်
    နင့်အပေါ် သစ္စာရှိဖို့လောက်ပဲ သူပြောတော့တယ်
    ငါ့မျက်ရည်တွေကတော့ ငါကိုပြောတယ်
    အသိဥာဏ်မရှိတဲ့ ဦးနှောက်နဲ့ အမှတ်မရှိတဲ့နှလုံးသား
    ပိုင်ဆိုင်ထားတဲ့သူတဲ့
    ငါ့ဦးနှောက်ကရော ငါ့နှလုံးသားပါ
    နင့်ကိုချစ်နေခဲ့တာပါ
    အသိဥာဏ်မရှိတာမဟုတ်ဘူး
    သိသိနဲ့ ဆက်လက်ခံနေခဲ့တာပါ
    အမှတ်မရှိတာမဟုတ်ပါဘူး
    အမှတ်တင်မကဘူး တစစီကွဲကြေနေလျက်နဲ့
    ဆက်ပြီး ချစ်နေခဲ့တာပါ
    တကယ်တော့ ရူးမိုက်စွာ ဆက်ချစ်နေခဲ့တာပါ
    တရားမရနိုင်သရွေ့တော့
    ငါဆက်ချစ်သွားအုံးမှာပါ ချစ်သူ...
    ..