• အတိတ်


    အတိတ်ကိုမလွမ်းချင်ပေမဲ့ တယောက်တည်းရှိတဲ့အချိန်တိုင်း အတိတ်ရှိရာဆီ ရောက်သွားမိတယ်
    အလွမ်းတေးသီချင်းလေးဖွင့်ထားပြန်တော့လဲ သြော်.. တိုက်ဆိုင်နေတဲ့ သီချင်းလေး
    ပိုတောင် ငိုချင်သွားတယ်.. ထုံးစံအတိုင်း နှစ်ရှည် တမ်းတမ်းတတ ခေါ်ခဲ့ဖူးတဲ့ နမ်စားလေး
    ရည်ရွတ်မိလိုက်ပြန်တယ်... 

    "မောင်..."

    အတိတ်ဆိုတာ ကောင်းတာ ဆိုးတာ ရှိခဲ့ဖူးတယ်.. များသောအားဖြင့် လူတွေက အတိတ်ဆိုး တွေကိုပဲ
    သတိရတတ်သလို တဖက်လူကလဲ အတိတ်ဆိုးကိုပဲ အပြစ်မြင်တတ်ကြတယ်
    အဖြူချယ်ထားတဲ့ အရာ ဘယ်လောက်ကြီးမားပါစေ အမဲစက် သေးသေးလေးကိုပဲ တဘဝစာ အပြစ်မြင်သွားကြတယ် ကဲ့ရဲ့ ၇ရက် ချီးကျူး ၇ရက် ဆိုပေမဲ့ စကားတွေ ပြောတိုင်း
    ဒီအမဲစက်လေးဆီပဲ ရောက်လာတတ်ကြတယ်...
    သြော် ထားပါ လူတွေအကြောင်းတွေးရတာ စိတ်ညစ်ဖို့ကောင်းတယ်
    ဒါဆိုလဲ လူဖြစ်တဲ့ မောင့် အကြောင်းတွေးရမယ်ဆိုရင်..
    "ဟူး" လို့သာ သက်ပြင်းလေး ချလိုက်မိပြန်တယ်..

    မောင်နဲ့ ကိုယ် ကြားမှာ မုန်းစရာအကြောင်းလဲမရှိဘူးလေ... မောင် နဲ့ ကိုယ်က
    အရမ်းချစ်ခဲ့ကြတယ်.. လူတကာ အမြင်မှာ သိပ်ကို အားကျခံရတဲ့ စုံတွဲလေးဆိုလဲ မမှားပါဘူးလေ..
    ဒါဆို ဘာလို့များ ဝေးခဲ့လဲ... မာနတွေလား မဟုတ်ဘူး 
    မောင်က ကိုယ်နဲ့ပတ်သက်ရင် အလျှော့ပေးလွန်းလို့ အနိုင်ယူပါ ပြောနေရတယ်လေ..
    အတ္တတွေများလား မဟုတ်ဘူး
    မောင့်လောက် နားလည်ပေးမဲ့ ဒီကမ္ဘာမှာ ရှားသွားပြီး
    သစ္စာမဲ့ရအောင် မောင် က သစ္စာတရားတွေ အသက်နဲ့ထပ်တူ တန်ဖိုးထားတဲ့သူလေ..

    ဒါဆို မောင်နဲ့ကိုယ် ဘယ်လိုအရာတွေကြောင့် ဝေးသွားခဲ့ရလဲ 
    ကိုယ်ဘက်ကရော... ဘာတွေများ မှားခဲ့လဲ မမှားခဲ့ပါဘူး ပြန်မှတ်မိသလောက်
    တွေးကြည့်ရမယ်ဆို မောင်အပေါ် ချို့ယွင်းချက်မရှိ အရမ်းချစ်ခဲ့ နားလည်းပေခဲ့လွန်းတယ်လေ..
    ဝေးသွားတဲ့အကြောင်းပြချက်ရှာတိုင်း ရင်ထဲ စို့နင့်ရတယ်...

    ကိုယ်သိပ်ကိုချစ်ရတဲ့ မောင်... ဘယ်များရောက်နေလဲဟင်...
    သူနေများကောင်းရဲ့လား.. မဟုတ်သေးဘူး မောင်က အခုချိန်ထိ ကိုယ်နဲ့အနီးဆုံးမှာပဲလို့ 
    ခံစားရတုန်းပဲလေ မောင် ကိုယ့်ကို ချစ်နေသေးတယ်လို့ပဲ ခံစားရတုန်းပဲ
    ဒါဆို မောင်နဲ့ ဘာလို့ဝေးသွားရတာလဲ.....
    ဘာကြောင့်လဲ မောင်...
    မောင့်ကို နောက်တကြိမ်တွေ့ဆုံဖို့ ကံလေးပါခဲ့မယ်ဆို 
    ကိုယ်မေးချင်သေးတယ် မောင်....

    ..
    .....

    .........
    ...............

    "မိန်းမ ဘာတွေ တယောက်တည်းစကားတွေပြောနေတာလဲ တမောင်မောင်နဲ့
    ဒီအိမ်သာတတ်ရတဲ့လူက မဖြောင့်ဘူး စိတ်ကူးထိုင်ယဉ်နေသေးတယ်
    သွား ထမင်းသွားကူး"

    "ဒီငတ်ကျိကျ ဒေါင်းစားက တမျိုး တောက်စ်"



    ((တကယ်တော့ အချစ်ကြောင်းတွေးပြီး ရေးနေတာ အချစ်ကြောင်းမထွက်လာဘူး ပေါက်တကရပဲ ထွက်လာတယ်))