• မိန်းမတယောက်၏ ခံယူချက် (၂)



    မောင်နဲ့ကျမ ဘာပြဿနာမှမရှိပဲ ချစ်လာခဲ့ကြတာ အခုဆို ၂နှစ်ခွဲကြာခဲ့ပါပြီး
    မောင်ကတော့ ကျမကို တခါမှစိတ်မဆိုး စိတ်လဲမကောက် နောက်ဆုံးသဝန်တောင်မတိုတတ်လို့
    မင်း မောင့်ကို တကယ်ရော ချစ်တာလား လို့တောင် မေးယူတဲ့အထိပါ
    ကျမစိတ်မကောက်တတ်တာမဟုတ်ပါဘူး မိန်းကလေးပဲစိတ်ကောက်တတ်တာပေါ့။
    မောင်တခုအချိုးမပြေတိုင်းသာ စိတ်ကောက်ရမယ်ဆိုရင် မောင်ရယ် နေ့တိုင်းကောက်နေရမှာပေါ့ လို့ပြောသောအခါ
     မောင်က ကောက်ပေါ့ မောင်ချော့မှာပေါ့ မောင်က ချော့ချင်တာ လို့ ပြောပြီး သူပဲ ကောက်သွားသေးသည်။
    မောင်နဲ့ကျမ ချစ်သူစဖြစ်ကတည်းက မောင်ပထမတုန်းကကြင်နာပြသည်းပြနေသေးသည်။
    ၃လလောက်ကြာတော့မောင်ဘက်ကပဲအရင်ပြောင်းလဲလာခဲ့သည်။
    မောင်သည် အရင်လိုဖုန်းမှန်မှန်မဆက်တဲ့အခါ ကျမပြဿနာမရှာခဲ့ပါ ဘာလို့မဆက်တာလဲမေးခဲ့ရင် တနေ့တမျိုးမရိုးရတဲ့ မောင့်အကြောင်းပြချက်များကို လက်ခံခဲ့သည်။
    ကျမအဲဒီကိစ္စလေးအတွက်နဲ့မောင့်ကိုရန်မရှာချင်ပါ။
    မောင်နဲ့ကျမ ပြဿနာဖြစ်ရမည်ကိစ္စဆို ကျမတခါမျှမလုပ်ခဲ့ပါလေ။
    အရင်လိုကျူရှင်တွေမှန်မှန်လာမကြိုတော့အခါ ကျမမောင့်ကိုစိတ်မဆိုးမိပါ။
    မောင့်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။
    မောင်နဲ့ကျမ ချစ်သူစဖြစ်သည်နဲ့ ကျမကိစ္စ ကျမအနားမှာပဲ အမြဲနေရမည် အမြဲလုပ်ပေးရမည်ဟု ယူမဆထားပါ။
    မောင်သည်ခရီးသွားရတာကြိုက်သည်။တခါတရံမောင်သည် သူငယ်ချင်းတွေနဲ့အတူခရီးထွက်တတ်သည်။
    ထိုအခါမောင်က ကျမကိုအဆက်သွယ်မလုပ်တတ်တဲ့အချိန်တွေလဲ ရှိတတ်သေးသည်။
    အဲခါကျရင်လဲ ကျမစိတ်ဆိုးသည်ကအမှန်ပင်။
    မောင်ပြန်လာတဲ့အခါတွင် မေ မောင်အဆက်သွယ်မလုပ်တာ စိတ်မဆိုးဘူးလား... ဟုမေးတတ်သည်။
    ကျမစိတ်ဆိုးပေမဲ့ မောင်အဝေးရောက်နေတဲ့အချိန်မှာ
    မောင့်ကိုစိတ်လွတ်ကိုယ်လွတ်ပျော်စေချင်တယ် မောင် ကျမကြောင့်မောင်စိတ်မပျော်မှာစိုးတယ်လေ
    ပြောတဲ့အခါ သိပါတယ် မင်းကမောင့်မှမချစ်တာ လို့ စိတ်ကောက်ချင်ယောင်ဆောင်သေးသည်။
    မေ စိတ်ကောက်ပြပါ ဟုအကြိမ်ကြိမ်တောင်းဆိုပြတဲ့အခါ ကျမသဘောကျနေသေးသည်။
     မေသိလား မေက မောင်အရင်လူတွေနဲ့မတူ တမူထူးခြားလို့မသိဘူး မေ့ကိုမောင်ပိုချစ်နေတယ်
    ကပ်ချွဲတတ်နေသေးသည်။မောင်ကျမအပေါ် ဆိုးတတ်ပြသေးသည်
    ။မှတ်မှတ်ရရ မောင်ကိုစနောက်ချင်တာနဲ့ ကျမမောင့်ကိုစိတ်ဆိုးချင်ယောင်ဆောင်ခဲ့ဖူးသည်။ မေဘာဖြစ်နေတာလဲ
    ဘာလို့မောင့်ကိုစကားမပြောတာလဲကွာ မေမောင့်ကိုမချစ်တော့ဘူးလား မောင့်အပေါ်ဘာလို့ပြောင်းလဲသွားတာလဲ မရပ်မနားမေးခွန်းတွေနဲ့ ပူပန်နေသည့်မောင့်မျက်နှာကိုကြည့်ပြီး
    ကျမသနားသွားသည်။ကျမတကယ်သာစိတ်ဆိုးခဲ့မယ်ဆိုရင် မောင်ဘယ်လိုများနေမလဲ။
    မောင်နဲ့ကျမချစ်သူ စဖြစ်တုန်းက နည်းနည်းလေးမျှ ကျမအပေါ်မကြင်နာပြပေ။
    စကားပြောလျှင်လဲဘုကျတတ်သေးသည်။
    ကျမကိုလဲ အမြဲလိုလိုပစ်ထားခဲ့သည်။
    ကျမနည်းနည်းလေးမျှ မောင့်အပေါ် စိတ်မဆိုးခဲပါ။နောက်ကြာလာတော့ မောင်ကျမအပေါ်ဂရုစိုက်တတ်လာသည်။စကားဆိုလဲ

    ကောင်းကောင်းပြောလာသည်။ကျမမောင်နောက်အရမ်းကြီးမလိုက်ပါ။
    လူဆိုတာ လိုက်ရင်ပြေးတတ်တယ်လေ။ကျမမောင့်ကို လွတ်လပ်ခွင့်အပြည့်ပေးထားသည်။
    ကိုယ်ရဲ့အချစ်စစ်မှန်ရင် ကိုယ်ဆီတန်ပြန်လာမည်ဟု ကျမယုံကြည်ထားသည်။
    မောင်ကျမအပေါ်စစ်မှန်သည်ဖြစ်စေ မစစ်မှန်သည်ဖြစ်စေ ကျမမောင့်အပေါ်နဲနဲလေးမှ သံသယမဖြစ်ခဲ့ပါ။
    မောင်ကို သံသယကင်းကင်းနဲ့ချစ်သည်။
    ထို့ကြောင့်မောင့်အပေါ်ထားသည်ကျမအချစ်သည် နည်းနည်းလေးမျှ မပူလောင်ပါ။