• သူတို့အကြောင်း...


    ၁၄ရက်နေ့တဲ့
    ချစ်သူရှိတဲ့သူတွေတိုင်း သက်ဆိုင်ပေမဲ့...
    ကျနော်တို့စစ်သားတွေနဲ့က ရိုးရိုးနေ့လေးမျိုးပဲ...

    ချောကလတ်နဲ့အရုပ်လေးကို ပိုက်ကာ
    ချစ်သူရှိရာ သွားနေကြတဲ့အချိန်မျိုးပဲ...
    ကျနော်တို့လဲ သေနပ်တခုကိုရင်မှာပိုက်လို့
    မနက်ဖြန်ရိက္ခာအတွက် စစ်မြေပြင်မှာ ပူပန်နေရတာပဲ...

    ချစ်သူလေးဆီ ဖုန်းခေါ်ကာ ချစ်ကြောင်းလေးတွေ
    ချိုသာနေကြတာပါပဲ...
    ကျနော်တို့လဲ သေနပ်သံဗုံးသံတွေ ကြားမှာ..
    အသေစွန့်ပြီး ဒီနိုင်ငံအတွက် တိုက်ခိုက်နေရတာပါပဲ..

    ရေမြေခြားချစ်သူတွေအတွက် တယောက်နဲ့တယောက်
    အလွမ်းသယ်နေကြတာပါပဲ...
    ကျနော်တို့လဲ အမိန့်တခုကို နာခံ
    တာဝန်တွေထမ်းဆောင်ရင်း
    တောင်တန်းကြီးတွေသာ ကြည့်ရင်
    အလွမ်းလေးဖြေဖျောက်ထားလိုက်တာပါပဲ..

    ချစ်သူနဲ့အတူ ဘုရားဖူး ပန်းခြံသွားနေတဲ့အချိန်..
    ကျနော်တို့လဲ တိုင်းပြည်ကို ပြောင်းပြန်လှန်ခြင်းနေတဲ့
    လူတွေနဲ့အတူ ပြိုင်ဆိုင်တိုက်ခိုက်နေရတာပါပဲ...

    ဒီနိုင်ငံ ဒီတိုင်းသူပြည်သားများ
    ဒီလိုနေ့မျိုးလေးမှာ ပျော်ရွှင်နိုင်ဖို့အတွက်
    ဟိုး... တောတောင်ကြားမှာ...
    အချစ်တွေ သံယောဇဉ်တွေ ကို ဥပေက္ခာပြုပြီး..
    ကာကွယ်ပေးသွားခဲ့ကြတဲ့ စစ်သားတွေရှိတယ်ဆိုတာ
    သူတို့ရင်ထဲ တချက်လေးသတိရခဲ့ရင်တောင်
    ဒီ ၁၄ရက်ဆိုတာလဲ ကျနော်တို့အတွက်
    ဘာမှမဟုတ်တော့ပါဘူး