• မောင်နဲ့ကျမ



    မောင် ချစ်တယ် များစပြောမလားလို့ ကျမဘက်က ငြိမ်သက်ခဲ့ဖူးတယ်
    မောင် လွမ်းတယ် များစပြောမလားလို့ ကျမဘက်က စောင့်နေခဲ့ဖူးတယ်
    မောင် တွ့ချင်တယ် များစပြောမလားလို့ ကျမဘက်က မျှော်လင့်ဖူးတယ်
    တကယ်တော့ ကျမနဲ့မောင် ကြားမှာ နင်အရင် ငါအရင်ဆိုတဲ့
    တွက်ကပ်မှုတွေကြောင့် ကျမနဲ့မောင် ကြား
    အစိမ်းရောင် ဖျော့ဖျော့လေးထင်လာခဲ့တယ်
    နင်မလွမ်းဘူး ငါမလွမ်းဘူးဆိုတဲ့
    သံသယစိတ်လေးကြောင့် ကျမနဲ့မောင် ကြား
    ဝေးသွားသလို အရိပ်လေးတွေထင်ခဲ့ကြတယ်
    တကယ်တော့ ကျမနဲ့မောင် တွက်ကပ်မှုလေးဖြစ်ဖြစ်
    မာနလေးဖြစ်ဖြစ် ငါ ဆိုတဲ့အတ္တလေးဖြစ်ဖြစ်
    ကွယ်ပျောက်နိုင်ခဲ့မယ်ဆိုရင်
    မောင် နဲ့ကျမကြားက အစိမ်းရောင်လေးကနေ
    ၂ယောက်ပေါင်း ၁ဘဝဆိုတဲ့ အလင်းရောင်လေးပြောင်းလဲသွားနိုင်ပါတယ်
    မောင် နဲ့ကျမကြား လူချင်းသာဝေးတာ
    စိတ်ချင်းအမြဲနီးစပ်သွားနိုင်ပါတယ်
    ဘာလို့လဲဆိုတော့ မောင် နဲ့ကျမက အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူတွေလေ