• ထိုဘဝ~

    ချစ်သူဘဝမှာ မောင်ပြန်လာဖို့
    ၃နှစ်တိတိ သစ္စာရှိရှိစောင့်နေခဲ့ရတယ်...
    ရေမြေခြားချစ်သူမို့...
    ဖြစ်လာသမျှ သံသယတိုင်း...
    ကျမ မြိုသိပ်ခဲ့ဖူးတယ်...
    မောင်ကျမအပေါ်ထားတဲ့ အချစ်ကို..
    ကျမမစော်ကားချင်လို့ပါ မောင်....


    မောင်ပြန်လာတော့ ကျမတို့နှစ်ယောက်..
    ဘဝခရီးကို အတူလျှောက်လမ်းမယ်ဆိုတဲ့
    Plan တခု နှစ်ယောက်အတူ တိုင်ပင်ခဲ့ဖူးတယ်...
    တာဝန်နဲ့ အမိန့် မလွန်းဆန်ရတဲ့ မောင့်စစ်သားဘဝမို့...
    ကျမတို့တိုင်ပင်ထားတဲ့ မင်္ဂလာနေ့ရက်လေး
    ရောက်ဖို့အတွက်....
    ကျမနောက်ထပ် ၂နှစ်ခွဲတိတိ ထပ်စောင့်ခဲ့ရတယ်...
    မောင့်တာဝန်အလုပ်ကို ကျမမငြိုငြင်ရက်ပါဘူး...
    ချစ်မိလို့လားမသိ ကျမတို့နှစ်ယောက်
    တယောက်နဲ့တယောက် နားလည်မှုတခုရှိခဲ့ကြတယ်...


    အကြိမ်ကြိမ်အလွဲလွဲ မောင့်ကတိတွေ ခဏခဏ
    ပြောင်းလဲနေရတာမို့...
    ပတ်ဝန်းကျင်အမြင်မှာတော့...
    ကျမကို လှောင်ပြောင်မေးခြင်းခံရဖူးတယ်...
    မင်းချစ်သူက မင်းကိုမယူပဲ မင်းထက်သာတဲ့လူနောက်
    ပါသွားပြီးလားတဲ့...
    သူတို့အထင်သေးတဲ့အကြည့်စုံတွေကို
    ကျမခံနိုင်ရည်မရှိဘူးမောင်..
    ဖုန်းဆက်တိုင်း အပြစ်တွေမြင်ပြီး..
    ရန်ရှာပစ်ချင်ခဲ့ဖူးပါတယ်...
    အလုပ်တာဝန်တွေ မအားတဲ့ကြားက
    အမောပြေဖုန်းဆက်တဲ့မောင့်ကို
    ကျမ အပြစ်မမြင်ရက်တော့ဘူး...
    ခံစားရသမျှ ကျမထပ်မြိုသိပ်ခဲ့ဖူးတယ်...

    လူငယ်လူလွတ် သဘဝအတိုင်း...
    ကျမအပေါ် ချစ်ခွင့်လာပန်တာခံရဖူးတယ်မောင်...
    ကျမမောင်ဆီကမရနိုင်တဲ့..
    ဂရုစိုက် ကြင်နာမှု နွေးထွေးမှုလေး
    အထူးသဖြင့် ကျမအတွက် အချိန် ဆိုတာတွေ
    ရရှိခဲ့ပါတယ် မောင်...
    အဲလိုအချိန်မျိုးဆို အနည်းနဲ့အများ စိတ်လေးတခုတော့...
    ယိုင်လဲဖူးတယ်မောင်...
    တခါတရံ ကျမနှလုံးသားကို ဦးစားမပေးမဲ့..
    ဦးနှောက်နဲ့ စဉ်းစားခဲ့မယ်ဆိုရင်..
    မောင်ကိုရွေးချယ်သင့်ဖို့ ၅၀% ပါပဲမောင်....
    နှလုံးသားတခုနဲ့ပြန်စဉ်းစားရမယ်ဆိုရင်....
    ကျမလိုချင်တဲ့အရာတွေက ဘာမှမပြောစလောက်လေးပါပဲ...
    ဘာလို့လဲဆိုတော့ မောင်စစ်သားကို ချစ်မိပြီးဆိုရင်...
    လိုချင်တဲ့ ဂရုစိုက်မှု ကြင်နာမှု အချိန်တွေကို...
    ထားပစ်ခဲ့ရမယ်လေ...

    အခုတော့ မောင်နဲ့ကျမ
    ဘဝတခုကို အတူလျှောက်လှမ်းနိုင်ခဲ့ပါပြီး....
    စိတ်မချဖြစ်တတ်တဲ့ ကျမမို့...
    မောင်တာဝန်ကျရာနေရာတိုင်းကို
    ကျမလိုက်ခဲ့မိတယ်...
    တာဝန်ကျရာမှာ မောင့်စီနီယာတွေရဲ့ ဇနီးမယားတွေနဲ့...
    ကျမရင်ဆိုင်ရပြန်တယ်...

    မိန်းမတွေရဲ့ သဘာဝအတိုင်း...
    တခါတရံ သူတို့ပုတ်ခက်သမျှ စကားတိုင်းကို...
    ကျမခေါင်းငုံခံခဲ့ရပြန်တယ်...
    လက်ညိုးထိုးရာခိုင်းသမျှကို..
    ကျမမလုပ်နိုင်ပေမဲ့ ရအောင်လုပ်ခဲ့တယ်...
    ကောက်စိုက်ခဲ့ဖူးတယ်...
    သေနပ်လဲ ပစ်တတ်ခဲ့ဖူးတယ်...
    မလုပ်နိုင်တဲ့အခါ ဟားသလိုလို လှောင်သလိုလို...
    အထင်သေးအမြင်နဲ့ ပြောသမျှခံခဲ့ရဖူးတယ်...
    ကျမကြောက်လို့ ငြိမ်းနေခဲ့တာမဟုတ်ပါဘူးမောင်...
    ကျမအရှုံးအနိမ့်ခံတဲ့ မိန်းမထဲမှာ ကျမမပါခဲ့ဘူးနော်...
    ဒါပေမဲ့မောင်...တခုခုများ ကျမအမှားလုပ်လိုက်ရင်...
    ကျမနာမည်နဲ့ အပြောခံရမှာမဟုတ်ဘူး...












    ဘယ်ဗိုလ်ကြီးရဲ့ မိန်းမ ဆိုတဲ့ အပြောနဲ့ခံရမှာလေ...
    ကျမမောင့်သိက္ခာကိုမကျစေချင်ပါဘူး...
    လူလယ်မှာ မောင့်မျက်နှာလေးကို မော့နေစေချင်တယ်...

    ကျမမောင့်ကိုမှ သည်းခံခဲ့ရတာမဟုတ်ဘူး..
    မောင့်ပတ်ဝန်ကျင်နဲ့ပါသည်းခံခဲ့ရတာပါ...
    မောင့်ရာထူးကိုချစ်ခဲ့လွန်းလို့မဟုတ်ဘူး..
    မောင့်ကိုချစ်ခဲ့တာပါ...မောင်ပြောဖူးတယ်နော်...
    သူ့ကိုချစ်ရင် သည်းခံနိုင်ရမယ်ဆိုတဲ့စကား
    ကျမနားမလည်ခဲ့ပါဘူး
    အခုတော့ ကျမသည်းခံနိုင်တယ်မောင်...
    မောင့်ကို ချစ်လို့ပါ...
    ကျမဘက်က တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်ခဲ့တာပါ
    လူတွေပြောတဲ့ ပါရမီဖြည့်ဖက် ဆိုတာဘာလဲတော့မသိဘူး...
    အခုဆို ကျမတို့နှစ်ယောက် တခါတရံ ပင်းပန်တဲ့အခါ...
    တယောက်ပခုံးပေါ် တယောက် မှီနေခဲ့ကြတယ်....

    ခက်ခဲတဲ့အချိန်တိုင်း မောင်နဲ့ကျမ
    တယောက်နဲ့တယောက် အားပေးရင်း
    တရက်ထက်တရက် အချစ်တွေ
    တိုးလာခဲ့တယ်
    စစ်သားတယောက်ရဲ့
    ချစ်သူ ဇနီးတယောက်ဖြစ်ရတာ
    ကျမနောင်တမရခဲ့သလို
    မောင့်လိုသိပ်ချစ်ရတဲ့ ခင်ပွန်းတယောက်ရတာ
    ကျမရဲ့ မြားနတ်မောင်ကို
    ကျေးဇူးတင်ပါတယ်..