• သူ့ဘဝ



    အိမ်အပြန်ချိန် မျှော်ကာနေအုံးပေါ့....
    လွမ်းတဲ့စိတ်နဲ့ ငိုကာမနေနဲ့...
    မျက်ရည်ခိုင်ကြောင်း ဟန်ဆောင်
    သက်သေပြအုံးပေါ့...

    ပြန်လာပါလို့လဲ ကတိမတောင်းနဲ့...
    ငါစစ်သားရဲ့ မနက်ဖြန်ဆိုတာ မသေချာ...
    ဟိုးအဝေးမှာ...
    အဆိုးဆုံးအချိန်အတွက် 
    အကောင်းဆုံးပြင်ဆင်ထားအုံးပေါ့..

    ငါမရှိလို့ ဝမ်းမနည်းနေနဲ့..
    စိတ်မာမာနဲ့...
    ငါ့အတွက် ဘုရားစာလေး
    ရွတ်ဖတ်နေအုံးပေါ့...

    ငါပြန်မလာနိုင်တဲ့အခါ
    ငါမရှိတော့တဲ့ မနက်ဖြန်တွေအတွက်....
    မင်းသိပ်မငိုနဲ့....
    ဘဝကြီးကို ပျော်ပျော်ရှေ့ဆက်ပြီး...
    ငါ့အတွက် ကုသိုလ်ကောင်းမှုလေး..
    ပေးဝေပေါ့...

    ငါ့ကိုချစ်တယ်မလား...
    အသည်းကိုမာမာထား...
    ငါ့ကိုနေ့တိုင်းမလွမ်းနဲ့...
    မင်းစိတ်ထဲ ငါရှိရင်ကျေနပ်တယ်...
    လွမ်းစရာကို နာစရာနဲ့ ဖြေသိမ့်ထား...
    ငါ့အတွက် မင်းဘဝကြီးအရင်လို...
    ရှင်သန်တောက်ပနိုင်အောင်..
    ကြိုးစားအုံးပေါ့ ချစ်ရသူရယ်...