• Homesick...


    မြို့ကြီးပြကြီး မီးရောင်စုံတွေထက်
    ဖယောင်းတိုင်နဲ့အမေ့အိမ်လေးလွမ်းတယ်...

    မနက်လင်းရင် ဆူညံနေတဲ့ကားသံတွေထက်
    အမေ့အိမ်လေးဆီက တရားဖွင့်သံလေး လွမ်းတယ်...

    မြို့ထမင်းဟင်းတွေထက်
    အမေ့ကျိုပေးတဲ့ ငါးပိရည်လေးလွမ်းတယ်...

    မော့ကြည့်လောက်ရတဲ့ တိုက်လှလှကြီးတွေထက်
    အေးမြတဲ့ အမေ့ခြံဝန်းလေးလွမ်းတယ်...

    ကျယ်လောင်တဲ့ နှိုးစက်သံတွေထက်
    သမီးလေးထတော့ ဆိုတဲ့ အမေ့သံလေးလွမ်းတယ်...

    ခေတ်မှီနည်းကျတဲ့စာသင်ကျောင်းတွေထက်
    အမေ့ရွာလေးဆီ အဖြူနဲ့အစိမ်းကျောင်းတော်ကြီးကိုလွမ်းတယ်...

    ခေတ်နည်းစနစ်လုပ်ထားတဲ့နေရာအလှတွေထက်
    အမေ့ရွာလေးဆီက တောင်တန်းတွေကိုလွမ်းတယ်...

    မီးရောင်စုံတွေ ထိန်းထိန်းလင်းနေတဲ့ညတွေထက်
    ညဘက် ကြယ်တွေကြည့်ရင် အမေ့ပေါင်လေးပေါ်အိပ်ခဲ့တဲ့ညတွေကို လွမ်းတယ်..

    မေမေ...
    ရည်မှန်းချက်ကို သမီးမမက်ချင်တော့ဘူး
    အိပ်မက်တွေနောက်ကိုလိုက်နေခဲ့ရတာ ပင်ပန်းလာပြီး...
    သမီးဆန္ဒကိုပဲ ဦးစားပေးရွေးရမယ်ဆိုရင်..
    မေမေ့အိမ်လေးကို ပြန်လာချင်ပြီး မေမေ...