• I miss you...


    မငိုပါဘူး
    နှလုံးသား ၂ခု မနီးစပ်နိုင်တော့အခါ
    လွမ်းနေတဲ့အကြောင်းတွေလဲ
    မရေးဖွဲ့ချင်တော့ဘူး

    ငါတို့လျှောက်ခဲ့တဲ့ လမ်းက မျဉ်းပြိုင်ဖြစ်နေခဲ့တာ
    ရှေးရေစက်နည်းလို့နေမှာပါ
    နင်နဲ့ငါ ချစ်ခဲ့တာခြင်းတူပါတယ်
    အချစ် ၂ခု အတူပေါင်းစပ်ဖို့ ရည်ရွယ်လိုက်တဲ့အခါ
    အချစ်ကို ဦးစားပေးသူနဲ့
    ဘဝကို ဦးစားပေးသူပဲ ကွာသွားခဲ့တာပါ

    လွမ်းစရာတွေအမှတ်တရတွေကတော့ 
    ဦးနှောက်နဲ့ ဆုံးဖြတ်ခဲ့သူ တယောက်အတွက်ကတော့
    အမှတ်တမဲ့နဲ့ ခဏတာပျောက်ကွယ်သွားမယ်
    နှလုံးသားနဲ့ ဆုံးဖြတ်ခဲ့သူ တယောက်အတွက်ကတော့
    အမှတ်တမဲ့လေးတွေကအစ အမှတ်တရဖြစ်နေခဲ့တယ်

    ဒီဇာတ်လမ်းမှာ ဘယ်သူမှမမှားခဲ့ဘူး
    ဘဝပေးမတူတဲ့ ရှေးကုသိုလ်ကံ နည်းခဲ့တာ
    အရင်ဘဝက ကုသိုလ်ကံနည်းအောင် လုပ်မိတဲ့
    လုပ်ရပ်တွေကပဲ မှားခဲ့တယ်လို့
    ယူဆလိုက်ပါတယ်

    တခါတရံ လွမ်းဆွတ်တဲ့အခါ ဖူးစာမဟုတ်လို့
    လွဲခဲ့ရတယ်လို့ ဖြေသိမ့်လိုက်မိတယ်
    ဒါဆို ရင်နဲ့ ရင်းပြီး ချစ်ခဲ့တဲ့အချစ်တွေ အတွက်ကျတော့ရော
    ဘယ်လို ဖြေသိမ့်ရမလဲ ဘယ်သူကိုအပြစ်ဖို့ရမလဲ
    ကဗျာမဆန်တဲ့ လမ်းခွဲလေးကတော့
    ကဗျာဆန်ဆန် အလွမ်းဇာတ်သိမ်းခဲ့ပြီး...