• မိန်းမတယောက်၏ ခံယူချက်(၁)


    မောင်နဲ့ကျမ ချစ်သူဖြစ်တာလဲနည်းနည်းထူးဆန်းသည်။မောင်က ငရှုပ်ငပွေတယောက် ကျမကတော့ ရိုးရိုးအေးနေတတ်သူတယောက် ဖြစ်သည်။ မောင့်ကို ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် မို့ ကျမ နည်းနည်းလေးမှ ကြည့်မရခဲ့ပါ။ မောင်ကလဲ ကျမကို မာနကြီးသောမိန်းမဆိုကာ အရမ်းအမြင်ကတ်ခဲ့သည်ဟုသိရသည်။မောင်နဲ့ကျမ မမျှော်လင့်ပဲသူငယ်ချင်းဘဝသို့ရောက်ခဲ့ကြခဲ့သည်မှာလဲ သူငယ်ချင်းများရဲ့ မြောက်ပင့်မှုများကြောင့်သာဖြစ်သည်။ခင်မင်လာခဲ့ကြရင် မောင်နဲ့ကျမ တယောက်အကြောင်းတယောက်သိလာတဲ့အခါ သူငယ်ချင်းသံယောဇဉ်တွေတိုးလာကာ တနေ့မောင်က ကျမ ရင်ဖွင့်ခဲ့မည်ဟု ကျမမထင်ထားပေ။မောင်ရင်ဖွင့်တုန်းက တခုထူးဆန်သည်။ တခြားကောင်လေးတွေလိုလဲ ကဗျာစာပေတွေလဲမဖွဲ့ပြခဲ့ သူငယ်ချင်းစဖြစ်ကတည်းက ကျမကို ကြိုက်ကြောင်းလဲမပြသခဲ့။မောင်ရင်ဖွင့်သည့်နေ့ ကသူငယ်ချင်းတွေလဲမရှိခဲ့ ကျမတယောက်တည်း ကန်ဘောင်သို့ထိုင်နေချိန် မောင်က နှင်းဆီတပွင့်ကိုထိုးပေးပြီး မေ့ကိုချစ်တယ် လို့သာပြောခဲ့သည်။ရုတ်တရက်လာပြောသောကြောင့် ရင်ခုန်ချိန်ပင်မရလိုက်ပေ။ မောင်ကျမဆီက အဖြေတောင်းတုန်းကလဲ တနှစ်ကြာသည်။တခြားကောင်လေးတွေနဲ့မတူတာတော့အမှန်ပင်။အဖြေတောင်းခဲ့သည့်နေ့ကလဲ နှင်းဆီတပွင့်လေးကို ပန်ခိုင်းလိုက်သည်။ပြီးတော့ မေကကျနော်ချစ်သူဖြစ်သွားပြီနော် ဟုဆိုခဲ့သည်။အဲလို တဇွတ်ထိုးဆန်သော မောင့်ကို တဖြည်းဖြည်းနဲ့ ချစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

    ပထမချစ်သူစဖြစ်တော့ မောင်ကအရင်ဆုံး ကျမကိုဒီလိုနေ ဟိုလိုနေ အရင်ဦးဆုံး စပြောတော့သည်။မောင်နဲ့ကျမ ချစ်သူစဖြစ်ခဲ့သည့်နေ့မှစပြီး မောင်ကျမအပေါ် အလွန်သဝန်တိုသည်။သူငယ်ချင်းကောင်လေးများကိုလဲ ရယ်ပြလျှင်မကြိုက် ဟိုကောင်လေးနဲ့စကားပြောလျှင်မကြိုက် ခေတ်ဆန်ဆန်နေလျှင်လဲ စိတ်ကောက်တတ်သည့် မောင်ဖြစ်သည်။ထိုချိန်မှစကာ ကျမသည် မြန်မာဆန်ဆန် အဝတ်စားလေးကိုပင်ကြိုက်တတ်လာသည်။မောင်သည် ငရုတ်သီးမကြိုက်။ ငရုတ်သီးမြင်ရင်မနေနိုင်သည့်ကျမသည် အစပ်ကိုပင် မထိတော့ပေ။ကျမသူငယ်ချင်းများက အမိန့်ပေးလွန်းသော မောင့်ကိုအရမ်းမုန်းကြသည်။စိတ်မပျက်ဘူးလား မေးသောအခါ တခါတရံတော့ စိတ်ပျက်မိပါသည်။ဒါပေမဲ့ ပြန်တွေးလိုက်တဲ့အခါ မောင့်ကျမကိုချစ်လွန်းသောကြောင့် ဆိုသော အတွေးနဲ့တင် ကျမပျော်ခဲ့သည်မှာ အမှန်ပင်။
    မောင်ကျမဆီဖုန်းဆက်လို့ ဖုန်းမအားတဲ့အခါ

    ဘာလုပ်နေတာလဲ ဘယ်သူနဲ့ပြောနေတာလဲ မောင့်အပြင်ဘယ်ကောင်လေးတွေနဲ့ ပြောနေတာလဲ

    ဆိုသောမောင့်သံသယမေးခွန်းတွေကို ကျမစိတ်ဆိုးမိသည်။သိုသော် ကျမမောင့်ကို စိတ်ဆိုးအကြောင်းဘယ်တော့မှမပြသပါ။မောင့်ကို သေချာရှင်းပြလိုက်ပါသည်။တခါတရံ မောင်က ဆက်ရစ်နေတတ်သေးသည်။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဆိုသော စကားကို မေမေပြောတာကျမကြားဖူးသည်။ထို့ကြောင့် မောင်ရစ်သမျှကို စိတ်မဆိုးပဲ မောင်ရစ်သမျှ အချိန်တိုင်းကို စိတ်ရှည်လက်ရှည်ရှင်းပြနိုင်ခဲ့သည်။နောက်ကြာလာတဲ့အခါ မောင်သည် ကျမအပေါ်အရင်လိုမရစ်တော့ပါ။
    သံသယမေးခွန်းတွေကိုလဲမမေးတော့ပါ။တခါတလေ မေ မောင့်ကိုအော်ကြည့်ပါ မေအော်သံလေးနားထောင်ချင်လို့ပါ ဆိုသောအပြောကျမကြားတဲ့အခါ စိတ်ချမ်းသာမိသေးသည်။ မောင့်ကို ကျမသူငယ်ချင်းများရှေ့တွင်း မောင့်ကိုရှေ့တန်းတင်သည်။မောင်ကအမြဲအနိုင်ယူခဲ့ပေမဲ့မောင်ကိုမနှိမ်ခဲ့ပေ။မောင့်ကိုသူတို့ရှေ့တွင်ပိုဂရုစိုက်ပြခဲ့သည်။ထိုအခါမောင်သည် ကျေးဇူး မေ ဟု တိုးတိုးလေးပြောတတ်သေးသည်။ မောင့်ကွယ်ရာတွင် မောင့်ကောင်းကြောင်းတွေသာပြောပြခဲ့သည်။ လူဆိုတာ အားပေး မြှောက်ပြောပြမှ အထင်ကြီးတတ်ကျတယ်လေ။ကျမရဲ့မောင်ကို လူတိုင်းအထင်ကြီးစေချင်သည်။ကျမမောင့်ကို ပိုင်ဆိုင်ထားတာ ကံကောင်းတယ်လို့ သူများအပြောများကို ပိုလိုချင်ခဲ့သည်။မောင်ကျမအပေါ် အနိုင်ယူမှုကို ကောင်းအကွက်အဖြစ်ကျမပြောပြသောအခါ... မိတ်ဆွေသူငယ်ချင်းများက အားကျလိုက်တာ လို့ပြောကြသည်။ မောင့်က ငါကိုအရမ်းအနိုင်ယူတယ် ငါစိတ်ညစ်တယ်လို့ပြောလိုက်ရင်...သေချာတယ်လေ မောင့်ကိုမကောင်းမြင်ကြတော့မှာလေ။ထို့ကြောင့် မောင့်ကိုကျမချစ်သောကြောင့် ကျမတောင်ဆိုးကွက်တွေကို အကောင်းမြင်နိုင်ခဲ့သလို ပတ်ဝန်းကျင်ကလဲ အဲလိုသာမြင်စေချင်တယ်....
    ကျမ မောင့်ကိုချစ်သည်။လူတယောက်ကို ချစ်လျှင် တတ်နိုင်သမျှ အကောင်းမြင်နိုင်လျှင် သေချာတာပေါ့ ဒီချစ်သူကိုယ်အပေါ် ကိုယ်မြင်သလို ပြန်ကောင်းမယ်ဆိုကိုပေါ့.....။