• နှလုံးသားတစုံ၏ ရှုရှုက်သံ..၈



    ငါမဖိတ်ခေါ်ပါဘူး...

    နင်ဝင်လာခဲ့တယ်...

    ငါဘဝထဲကို တသက်စာ နင်နေထိုင်မယ် မျှော်လင့်ချက်နဲ့

    မင်းအပြောတခုလုံးကိုယုံစားခဲ့တာ...

    ငါနှလုံးသားတခုလုံးကွဲကြေသွားမယ်ဆိုတာတောင် မသိလိုက်ပါဘူး...

    ပြန်လာခဲ့ပါမယ်ဆိုတဲ့ ကတိစကားလေးနဲ့...

    မင်းကိုစောင့်နေခဲ့မိတာ..

    အချိန်နဲ့ရက်တွေသာ ကုန်သွားခဲ့တယ်...

    ခဏတာအပျော်ဝင်ရောက်ခဲ့တဲ့ ဧည့်သည်ဆိုရင်လဲ...

    ငါနှလုံးသားကို နာကျင်အောင်မင်းမလုပ်သင့်ဘူးကွာ...


    ငါ့နှလုံးသားတံခါးလေးက မင်းအတွက် ဇရပ်တခုလား...

    လမ်းကြုံလို့ဝင်နားတယ်ဆိုရင်လဲ...

    ဝင်နားပြီး မဖျက်ဆီးသင့်ဘူး... "D----- လေးရေ..."