• Untitled

    မလွမ်းလောက်ပါဘူး ထင်ခဲ့တာပါပဲ...
    မင်းကိုလွမ်းနေမိတာဘာလို့များပါလိမ့်...
    တယောက်တည်းအထီးကျန်တဲ့အခါ..
    ဘာလို့မင်းနာမည်လေးပိုတမ်းမိပါလိမ့်...
    ဘယ်ချိန်ဂျီတော့ပေါ်တတ်လာမလဲလို့...
    စောင့်နေမိတာဘာလို့များပါလိမ့်...
    တချိန်တနေ့မင်းနဲ့လက်ကိုကိုင်ပြီး...
    ညနေခင်းအလှကိုထိုင်ကြည့်ဖို့...
    စိတ်ကူးယဉ်နေမိတာဘာလို့ပါလိမ့်...
    မင်းသီချင်းဆိုသံလေး...
    မင်းဆိုပြခဲ့တဲ့သီချင်းတွေ
    ပြန်နားထောင်နေမိတာဘာလို့ပါလိမ့်...
    မင်းပြောသလိုစိတ်ကစားတာပါတဲ့...
    ဒါဆိုမင်းဓာတ်ပုံလေးထိုင်ကြည့်တိုင်း...
    ရင်ခုန်မိတာ...ကြည်နူးမိတာ...
    ဝမ်းနည်းမိတာ...ဘာလို့များပါလိမ့်နော်...
    လူတယောက်ကို တဖက်သက်ချစ်မိတဲ့အခါ...
    ဘာမှမဟုတ်တဲ့အမှတ်တမဲ့လေးကအစ...
    အမှတ်တရအကြီးကြီးဖြစ်နေမိတာပါ...
    ငါတခုတော့ ဝန်ခံပါရစေ...
    ငါနင့်ကိုချစ်တယ်...